Pages

Ads 468x60px

အင်တာနက်အတွင်း သီချင်း ရှာဖွေနည်း

Written By Unknown on Thursday, 7 June 2012 | 23:30



ဖိုရမ်မှာ အတောင်းဆိုခံရဆုံး ဖိုရမ်ခွဲတစ်ခုကို ပြပါဆိုရင် သီချင်းတောင်းဆိုတဲ့ ကဏ္ဍလို့ ကျွန်တော်တော့ ထင်ပါတယ်။ တစ်နေ့ တစ်နေ့ - ဒါမှမဟုတ် - တစ်ရက်ခြား တစ်ခါလောက်တော့ တစ်ယောက်မဟုတ် တစ်ယောက် သီချင်းတစ်ပုဒ်စ နှစ်ပုဒ်စ တောင်းတာ ကျွန်တော် အမြဲ သတိထားမိပါတယ်။ တောင်းတဲ့သူလိုလားတဲ့ သီချင်းကို ရှာပေးရတာ ကျွန်တော်တို့ အတွက် အပန်းမကြီးပေမယ့် တောင်းဆိုရတဲ့ သူအတွက်တော့ ရံဖန်ရံခါ ကိုယ့်လိုလားချက်နဲ့ မကိုက်ညီတဲ့ သီချင်းမျိုး ရတတ်တာ - ကိုယ်တောင်းဆိုတဲ့ သီချင်းကို Upload တင်ပေးကြမယ့် သူကို အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ဆိုင်းနေရတဲ့ ပြဿနာ ဆိုတာမျိုးတွေနဲ့ မလွဲမသွေ ရင်ဆိုင်ကြရတာမျိုးတွေ ရှိနေတယ်ဆိုတာ ကျွန်တော်လည်း သတိထားမိပါတယ်။
ဒီလို အခြေအနေမှာ သီချင်းတောင်းဆိုသူတွေ ဘယ်လို Format မျိုးကို အဓိကထား တောင်းကြသလဲ - ကျွန်တော် သတိထားမိတာကတော့ များသောအားဖြင့် MP3 ကိုတောင်းကြတာ များပါတယ်။ အင်တာနက်ထဲမှာ မြန်မာသီချင်းမျိုးစုံကို အလကား Download ချခွင့်ပြုထားတဲ့ ဆိုဒ်ပေါင်းများစွာ ရှိပါတယ်။ တစ်ချို့ ဆိုဒ်တွေက Direct Download links တွေနဲ့ ပေးထားတာ ဖြစ်ပြီး တစ်ချို့ကတော့ Internet Download Manager တင်ထားမှ ဒေါင်းလုပ်ချဖို့ အဆင်ပြေတဲ့ ဆိုဒ်မျိုးတွေ စသဖြင့် မျိုးစုံရှိပါတယ်။ ဒီအောက်မှာ ဖော်ပြထားတာ တွေကတော့ မြန်မာသီချင်း MP3 ရော VCD ရော အလကား မျှဝေပေးနေတဲ့ ဆိုဒ်ကောင်းတွေပါ။ တစ်ခြားဆိုဒ်တွေ အများကြီး ရှိသေးပေမယ့် ပုံမှန် Update ဖြစ်ပြီး လူကြည့်လည်း များတဲ့ ဆိုဒ်တွေကိုပဲ ရွေးချယ် ဖော်ပြထားပါတယ်။

မြန်မာ Dictionary

Written By Unknown on Monday, 7 May 2012 | 00:31




မြန်မာ-အင်္ဂလိပ် ၊ အင်္ဂလိပ် -မြန်မာ အဘိဓာန်ဆော့ဝ်ကောင်းလေးတစ်ခု ထွက်လာပါပြီ။
ဖန်တီးသူကတော့ ကိုစိုးမင်း။ ဂျပန်နိုင်ငံရောက် မြန်မာ လူငယ်တစ်ဦး။
ခေါင်းစားဖော် ခေါင်းစားဖက် နောက်တစ်ယောက်က ကိုမင်းကျော်။ သူက ဆွီဒင်မှာ။
ဖတ်စရာများစွာ ဗဟုသုတယူစရာများစွာ။ သူအားထုတ်မှုတွေလည်း အားကျစရာ ......
ဒီနေရာမှာ ဖတ်လို့ရတယ် အများကောင်းကျိုးအတွက် ပေးဆပ်မှုတစ်ခုကို သူပြုခဲ့ပြီ။
ကိုစေတန်ဂေါ့ နှင့် ကျွန်တော်ကတော့

အဆုတ်မှာ spot တွေ့တာ အန္တရာယ်ဖြစ်နိုင်လား ??

Written By Unknown on Tuesday, 24 April 2012 | 22:35


အဆုတ်မှာ spot  တွေ့တာ အန္တရာယ်ဖြစ်နိုင်လား၊ ကုလို့ရနိုင် သလား သိချင် နေကြတဲ့သူတွေနှင့် spot  ဖြစ်ရခြင်း အကြောင်းတို့ကို အဆုတ်နှင့် ရင်ခေါင်း ရောဂါအထူး ကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဦးဝင်းနိုင်နှင့် မြန်မာပို့စ်ဂျာနယ်မှ ခဏတာ သွားရောက်မေးဖြစ်ခဲ့တယ်။ အဲဒီမေးမြန်းချက် တွေနဲ့ ပတ်သက်ပြီး တင်ပြလိုက်ပါတယ်။
အဆုတ်မှာ အစက်( spot )တွေ့ရခြင်းက ဘယ် လိုလက္ခဏာ ကနေတွေ့ရတာလဲ ဆရာ။
သွေးကြောလေး ဆိုတာ သွေး ကြောကနေရိုက်လိုက်တဲ့အခါ vascular end-on effect လို့ခေါ် တယ်။ သွေးကြော လေးပေါ်လာတယ်။ အဆုတ်မှာရှိတဲ့ အကျိတ်( gland ) တကယ်လို့ ထုံးဓာတ်( CALCIFY )၀င် သွားရင် လည်း

ကလေးသူငယ်များ အဝလွန် ရောဂါသည် ခေတ်ကာလ လူနေမှု ပုံစံနှင့် ဆက်စပ်



ကလေးငယ် အ၀လွန် ရောဂါ မှာ ခေတ်ကာလ လူနေမှုပုံစံနှင့်ဆက် စပ်နေကြောင်း၊ အထူးသဖြင့် ယခု ခေတ်အစားအစာ များမှာ အဆီ ဓာတ် ပိုမိုပါဝင်ကြောင်း၊ အချိုလွန် ကဲ ခြင်း၊ အလွယ်တကူ ရရှိနိုင်ခြင်း၊ လှုပ် ရှားမှု နည်းပါးခြင်း၊ အားလပ် ချိန်အ နားယူမှု၌ ဂိမ်း၊ တီဗွီနှင့် သီချင်းနား ထောင်၍ အချိန်ဖြုန်းခြင်း စသည့် နေထိုင် စားသောက်မှုများကြောင့် မိဘများ အနေဖြင့် စနစ်တကျကြည့် ရှုစောင့်ရှောက်သင့်ကြောင်း ဇန်န၀ါ ရီ ၁၂ ရက် မြန်မာနိုင်ငံ ဆေးသုတေ သနဌာန (အောက်မြန်မာပြည်)ဆေး ပညာဆိုင်ရာ

သူငယ်ချင်းများ အားလုံးအတွက် နောက်ဆုံးပေါ်ပိန်နည်း

သူငယ်ချင်းများ အားလုံးအတွက် နောက်ဆုံးပေါ်ပိန်နည်း

မိန်းကလေးပဲဖြစ်ဖြစ် ယောကျာင်္းလေးပဲဖြစ်ဖြစ် ... လှချင်တဲ့သူတွေချည်းပဲနော်.... မလှချင်တဲ့သူတယောက်မှ မရှိဘူး....ဒီခေတ်မှာ ရွှိုင်းနေအောင် ပြင်လို့ရတဲ့နည်းတွေ မှိုလိုပေါက်နေပြီလေ....မျက်နှာကို ကြည်လင်အောင် ဂျီးချွတ်မလား.... နုနေအောင် မွိုက်ချာရိုက်ဇာ   နေ့တိုင်းလိမ်းမလား    ....ဖြူနေအောင် whitening အလှကုန်တွေ လိမ်းချင်လား...


 တွန့်နေတာတွေ ပျောက်အောင် Q 10 တို့ Vitamin E တို့ပဲ သုံးမလား...မျက်နှာတင်မက ခန္ဓာကိုယ်မှာလဲ အရွယ်စုံ ဆိုက်စုံတွေ အတွက် ဒီဇိုင်းစုံနဲ့ ဖုံးအုပ် တန်ဆာဆင်မလား... လှနည်း အမျိုးမျိုးရှိလာကြပါပြီ....

စီးပွားလုပ်ငန်းရှင်ကြီးများမဏ္ဍပ်မှာ လူတဦး ဓာတ်လိုက်သေဆုံး

စီးပွားလုပ်ငန်းရှင်ကြီးများမဏ္ဍပ်မှာ လူတဦး ဓာတ်လိုက်သေဆုံး

 မကွေးမြို့ သင်္ကြန်စည်ကား၊ စီးပွားလုပ်ငန်းရှင်ကြီးများမဏ္ဍပ်မှာ လူတဦး ဓာတ်လိုက်သေဆုံး
မကွေးသား၊ မိုးမခ၊ ဧပြီ ၁၄၊ ၂၀၁၂
ဧပြီလ ၁၃၊ သင်္ကြန်အကြိုနေ့က မကွေးမြို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ဆုပေးမဏ္ဍပ်တွင် အသက် ၄၇ နှစ်အရွယ်၊ ကိုဆန်းလင်းသည် လျပ်စစ်ဓာတ်စီးနေသည့် သံဆူးကြိုးကို ထိကိုင်မိပြီး ဓာတ်လိုက်သေဆုံးသွားသည်ဟု သိရသည်။ ၎င်းနဲ့အတူ မြင်သာလမ်းတွင် နေထိုင်သော

ခြေထောက် သုံးချောင်းနဲ့ ပြည့်တန်ဆာမ

Written By Unknown on Saturday, 7 April 2012 | 11:01

ခြေထောက် သုံးချောင်းနဲ့ ပြည့်တန်ဆာမ


ဘလန့်ခ်ျ ဒူးမတ်စ် ဆိုတဲ့အမျိုးသမီးရဲ့ ထူးဆန်းတဲ့အကြောင်းကတော့ စိတ်ကူးယဉ် ပုံပြင်ဝတ္ထုတွေထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ် ။ဘလန့်ခ်ျ ဒူးမတ်စ် ကို ပြင်သစ်လူမျိုး ဖခင်နဲ့ လူမည်းသွေးအနည်းငယ်ပါတဲ့ မိခင်တို.က မာတင်းနစ်ကျွန်းစုမှာ ၁၈၆၀ ခုနှစ်တွင် မွေးဖွားတယ်လို. ယုံကြည်ရပါတယ် ။သူမအသက် ၂၅ နှစ်တွင် ဆေးပညာမှ မူမမှန်မှုများနဲ့
ထူးခြားမှုများ ဆိုတဲ့ စာတမ်းမှာဖေါ်ပြခံရပါတယ် ။ အဲဒီစာတမ်းမှာ သူမကို
"modified duplication of the lower body " လို. ရည်ညွန်းခဲ့ပါတယ် ။

Beautiful and creative shadow art by Rashad Alakbarov from Azerbaijan.

Written By Unknown on Friday, 6 April 2012 | 06:44

Beautiful and Creative Shadow Art
Beautiful and creative shadow art by Rashad Alakbarov from Azerbaijan.

Beautiful and Creative Shadow Art

ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်

Written By Unknown on Sunday, 1 April 2012 | 19:37


ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်




ဗီယက်နမ် သတင်းစာမှာ ပါတဲ့သတင်းလေးပါ ။

ဗီယက်နမ်မှ ဇနီးတစ်ဦးအား အမေရိကန်ဒေါ်လာ ၆၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်

မျက်မမြင်များ မောင်းနှင်နိုင်မည့် ကားအမျိုးအစားသစ် Google တီထွင်

Googleသည် မျက်မမြင် ပုဂ္ဂိုလ်များကို ယာဉ်မောင်းသူ ထိုင်ခုံပေါ် ဖိတ်ခေါ်ကာ ကိုယ်တိုင် ကားမောင်းစေခြင်းဖြင့်၎င်းတို့၏ ဘ၀အတွက် မျှော်လင့်ချက်သစ်ကို ပေးစွမ်းနိုင်ခဲ့ Googleသည် မျက်မမြင်များပါ ကိုယ်တိုင် မောင်းနှင်နိုင်မည့် အလိုအလျောက် ခံစားသိရှိနိုင်သော ကားတစ်စင်းကို တီထွင်နေကြောင်း သိရှိရသည်။





Googleသည်အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းများအပြင် နည်းပညာ ထိုးထွင်းတီထွင်မှု ကဏ္ဍတွင်လည်း ခြေလှမ်းကျယ်ကျယ်လှမ်းနေရာ ယခုကားအသစ်သည်မသန်စွမ်းသူ မျက်မမြင်များအတွက် ကားအမျိုးအစားသစ်ကို တီထွင်လာခဲ့ခြင်းဖြစ်သည်။ Googleသည် အဆိုပါ ပရောဂျက်ကို (၂၀၁၀)ပြည့်နှစ်၊ အောက်တိုဘာလ ကတည်းက အတည်ပြု ကြေညာထားသည်။ ယခုအခါ Googleသည် မျက်မမြင် ပုဂ္ဂိုလ်များကို ယာဉ်မောင်းသူ ထိုင်ခုံပေါ် ဖိတ်ခေါ်ကာ ကိုယ်တိုင် ကားမောင်းစေခြင်ြး
ဖင့် ၎င်းတို့၏ ဘ၀အတွက် မျှော်လင့်ချက်သစ်ကို ပေးစွမ်းနိုင်ခဲ့သည်။

တစ်ရုတ်ခလေးရဲ့မလာပါနဲ့(မျိုးကြီး)

တစ်ရုတ်လူမျိုးခလေးလေးကမျိုးကြီးကိုခရေစီဖြစ်ချက်ကတော့လက်လန်တယ်။ ပြီးတော့ပိုပြီး အံ့သြဖို့ကောင်းတာကသူကမြန်မလိုကိုပီသစွာဆိုပြနိုင်ခဲ့တယ် အံ့သြလောက်ပါတယ်လေ။ video click ကိုတော့အောက်မှာဆက်လက်ကြည့်ရှု့ကြပါ။

မွေးကတည်းက GAY (ဂေး) ဖြစ်နေတာလား

Written By Unknown on Saturday, 31 March 2012 | 10:51

ကြိုတင်ပြောကြားချက်။  ။ ယခုတင်လိုက်သော post မှာ email ထဲသို့ရောက်လာသော FWD mail သာဖြစ်ပါသည်။
 Dr. တင့်ဆွေ သို့ gay တဦးမှ ပို့သောစာကို Dr. တင့်ဆွေ မှ ပြန်လည် ဖြေကြားထားသော အမေးအဖြေ တခုသာဖြစ်ပါသည်။ ဗဟုသုတပိုင်းဆိုင်ရာ အနေနှင့် စာဖတ်သူရှုစားစေရန် တင်ပေးလိုက်ခြင်းဖြစ်ပါသည်။
ကျွန်တော်သည် Dr.တင့်ဆွေ မဟုတ်သလို ထို gay လည်းမဟုတ်ပေ :D။  ထို့ကြောင့် ဤ post ပေါ်မှ မရှင်းလင်းသည်များကိုလည်း ကျွန်တော့ အနေနှင့်   ဖြေကြားပေးနိုင်မည် မဟုတ်ပေ။ 

ကျနော်တို့ ကျောင်းမှာ မသင်ခဲ့ရတဲ့ အရာတွေ...(အပိုင်း ၁ )

Written By Unknown on Wednesday, 28 March 2012 | 21:06

 ကျနော်တို့ ကျောင်းမှာ မသင်ခဲ့ရတဲ့ အရာတွေ...(အပိုင်း ၁ )


၁ ။ Dreamt    ဆိုတာဟာ အင်္ဂလိပ်စာလုံးတွေထဲမှာ   mt နဲ့ဆုံးတဲ့ တစ်ခုတည်းသော စကားလုံးဖြစ်ပါတယ် ။ ( သင်ဒါကို သံသယဖြစ်နေပါသလား?)

၂ ။ ကျနော်တို့ရဲ့ မျက်လုံးဟာ မွေးကတည်းကနေ ယနေ့တိုင် အရွယ်အစားတူတူပါပဲ ။ ဒါပေမယ့် နှာခေါင်းနဲ့ နားရွက်စတဲ့ အင်္ဂါတွေကတော့ ဆက်လက်ကြီးထွားတာ ဘယ်တော့မှမရပါ သွားပါဘူး ။

၃ ။ စာကြောင်းတစ်ကြောင်းဖြစ်တဲ့     ( The quick brown fox jumps over the lazy dog)   ဆိုတာဟာ စာလုံးတိုင်းစာလုံးတိုင်းဟာ     alphabet တွေကို     အသုံးပြုထားပါတယ် ။ ယခုသင်ဟာ တိကျမှန်ကန်မှုရဲ့ အပြင်ဖက်ကိုရောက်အောင်    ကြိုးစားနေတယ်ဆိုတာ သင်သိသွားပါပြီ ။     မှန်တယ်မဟုတ်လား ။

ဟန်ချက်ညီညီ အတွဲညီညီ ..


တချို့ ကပြောကြတယ် ၊ အရင်တုံးက သူမပြောကြားခဲ့ဖူးတဲ့ စကားတွေ နဲ့ ခုလုပ်ရပ်ဟာ ရှေ့ နောက်မညီဘူး ၊ ၁၈၀ ဒီဂရီပြောင်းလဲသွားပြီတဲ့..။
ခု ဒီဗီယို ဖိုင်ကလေးကိုကြည့်ပြီး နှိုင်းယှဉ်မိလိုက်တယ် ။ တရုပ်ပြည်က တင်ဆက်တဲ့ ဆပ်ကပ်ပြပွဲလေးတခု ပါ ။ သိချင်ရင် ကလစ် လုပ်ကြည့်ပါ ..


ခနော်ခနဲ့ အထောက်အတိုင်လေးသာရှိတဲ့ လှုပ်ယိုင်ယိုင် ကြိုးကလေးတချောင်းအပေါ်မှာ ဟန်ချက်ညီညီ ရပ်တည်နိုင်ဖို့ ရယ် ၊ တောင်ဆိတ်ကြီး (သူမ) ခန္ဓာကိုယ် အပေါ်မှာ အငြိမ်မနေ ဗီဇ

မျှော့ကုထုံး (Hirudotherapy)

Written By Unknown on Monday, 26 March 2012 | 17:37


မျှော့ကုထုံး (Hirudotherapy)





ဥရောပ နိုင်ငံတွေမှာ မျှော့ကို ဆေးပညာဆိုင်ရာကုထုံး တစ်ရပ်အဖြစ်အသုံးပြုခြင်းဟာ လွန်စွာ ခေတ်စား လာခဲ့ပါတယ် ။ Hirudotherapy ဆိုတာ မျှော့တွေနဲ့ကုသတဲ့ ဆေးပညာ ကုထုံးတစ်ရပ်ကို ခေါ် ဆိုခြင်းဖြစ် ပါတယ် ။ ဒီကုသနည်းဟာ ဟိုးရှေးယခင်ကတည်းက အသုံးများခဲ့ပေမယ့် ယခုအချိန်မှာလည်း ဆက်လက်အ သုံးပြုနေကြဆဲဖြစ်ပါတယ် ။


ကျွန်တော်တို့ တွေထဲက သူ့ကို ဘယ်နှစ်ယောက်လောက်များသိသလဲ ?





ကျွန်တော်တို့ တွေထဲက သူ့ကို ဘယ်နှစ်ယောက်လောက်များသိသလဲ ?

ပထမဦးဆုံး သူဘယ်သူလဲဆိုတာ မရှာဖွေခင်မှာ အရင်ဆုံးသူ့ကိုကျေးဇူးတင်လိုက်ပါ ။ ဘာကြောင့်လဲ ??

သင့်ဘ၀ကို ကယ်တဲ့ သူဖြစ်တဲ့အတွက်ပါ ။ ကောင်းပြီ သူ့နာမည်က ဒေါက်တာ Jonas Salk လို့ခေါ်ပါတယ် သူဟာ ပိုလီယို ကာကွယ်ဆေးဗက်ဆင်းကို တီထွင်ခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ် ။ သူ့တီထွင်မှုက ကမ္ဘာပေါ်က အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တယ် ။ သူ့တီထွင်မှုက ကြီးမားတဲ့ တွေ့ရှိ ချက်ကြီးဖြစ်ချင် မှဖြစ်လိမ့်မယ် ဒါပေမယ့် သူဟာ ရှာတွေ့ခဲ့တဲ့ဗက်ဆင်းကို အသုံးချပြီး သူ့ကိုယ်ကျိုးအတွက်အသုံးမပြုခဲ့ဘူး ။ ဗက်ဆင်းကို သာ သူ့ အကျိုးအမြတ်အတွက်အသုံးချခဲ့မယ်ဆိုရင်သူဟာ

ရာသီသွေးမပေါ်ခြင်း - အပိုင်း ၂



ရာသီသွေးမပေါ်ခြင်း - အပိုင်း ၂

ရာသီသွေးမပေါ်ခြင်းအကြောင်းနဲ့ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့အကြောင်းတွေ ဖော်ပြပေးပြီးသွားတဲ့နောက် ယခုအ ခါ ရာသီသွေးမပေါ်ခြင်းအပိုင်း ၂ ကို ဆက်လက်တင်ပြလိုက်ရပါတယ် ။

စုံစမ်းစစ်ဆေးမှုများအကြောင်း

ရာသီသွေးမပေါ်ခြင်းအကြောင်းကို ဘာကြောင့်မပေါ်ရသလဲ စုံစမ်းဖို့အတွက် လူနာရဲ့ ရောဂါ ရာဇ၀င် (Proper history taking ) ၊ တစ်ကိုယ်လုံးစမ်းသပ်ခြင်း ( Physical Examination ) နဲ့ အတွင်းပိုင်း စမ်းသပ်ခြင်း ( Vaginal Examination ) တို့လုပ်ရပါမယ် ။အဲဒီလိုလုပ်လို့ ကိုယ်ဝန်လည်းမရှိဘူး ဆိုရင်တော့ လူနာအ တွက် လောလော ဆယ် စိတ်အေးရပါပြီ ။ ဒါပေမယ့်

ရာသီသွေးမပေါ်ခြင်းအကြောင်း (အပိုင်း ၁)


ရာသီသွေးမပေါ်ခြင်းအကြောင်း (အပိုင်း ၁)

ဒီတစ်ခါဖော်ပြပေးမယ့်အကြောင်းအရာကတော့ ရာသီသွေးထိမ်ခြင်း ရာသီသွေးမပေါ်ခြင်း အကြောင်းဖြစ် ပါတယ် ။ ပျိုဖော်ဝင်စအချိန်ကစပြီး သွေးဆုံးပြီးတဲ့အချိန်အထိ သိထားသင့်တဲ့ သိထားရမယ့် အကြောင်းအရာ တစ်ခု လည်းဖြစ် ပါသည် ။ အိမ်ထောင်သားမွေး ကိုယ်ဝန်ရှိတဲ့အရွယ်ရော ဆယ်ကျော်သက်အရွယ်တွေရော သိသင့်တဲ့ အကြောင်းအရာမို့ ရေးသားဖော်ပြပေးလိုက်ရပါတယ် ။



သြစတြေးလျ လယ်ကွင်းတစ်ခုလုံး ပင့်ကူမျှင်များဖုံး

Written By Unknown on Sunday, 25 March 2012 | 23:35




ကျယ်ပြောလှသော သြစတြေးလျနိုင်ငံရှိ လယ်ကွင်းပြင်ကြီး တစ်ခုလုံးကို ပင့်ကူမျှင်များ ဖုံးလွှတ်းနေသော မြင်ကွင်း
ကြောင့် မြင်ရသူအများ အံ့သြခဲ့ရကြောင်း Metroသတင်းဌာနက မတ်လ၇ရက်နေ့တွင် ဖော်ပြသည်။ စိုက်ပျိုးရေးမြို့ဖြစ်
သော ဝက်ကာဝက်ကာတွင် လယ်ကွင်းများသည် သန်းပေါင်းများစွာသော ပင့်ကူများကြောင့် ပင့်ကူမျှင်ပင်လယ်ကြီး
အဖြစ် ပြောင်းလဲသွားခဲ့သည်။ သြစတြေးလျနိုင်ငံတွင် ရေလွှမ်းမိုးမှုဘေး ဒုက္ခကြီးကျရောက် ပြီးနောက် ထောင်ပေါင်း
များစွာသော နိုင်ငံသားများ ဒုက္ခကြုံတွေ့ခဲ့ရသည်။ ယင်းနောက် ပင့်ကူများလည်း အလုပ်ရှုပ်ကာ ရေဘေးမှ
လွတ်မြောက်ရေးအတွက် ပင့်ကူအိမ်များကို အပူတပြင်း ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည် ဟုဆိုသည်။

အံ့သြဖွယ်ရာ သေဆုံးပြီးသားလူရဲ့ Email ကိုလက်ခံရရှိလိုက်တဲ့မိသားစု

 

အံ့သြဖွယ်ရာ သေဆုံးပြီးသားလူရဲ့ Email ကိုလက်ခံရရှိလိုက်တဲ့မိသားစု


Jack Froese ဆိုတဲ့အသက် ၃၂ နှစ်ရှိတဲ့လူဟာ နှလုံး ခုန်မူမမှန်တဲ့ရောဂါတစ်မျိုးနဲ့သေဆုံးခဲ့ပြီးဖြစ်ပါတယ် ။ ဒါပေမယ့် သူန့လတ်တလော စကားပြောဆိုခြင်းတွေနဲ့လက်တလော သူ့လှုပ်ရှားမှုတွေကို အင်တာနက် မှာတွေ့ လိုက်ရလို့ မိသားစုတွေက ထိတ်လန့်တုန်လှုပ်ခဲ့ရတယ် ။



ဒီလူရဲ့ သူငယ်ချင်းတွေနဲ့မိသားစုတွေဟာ တမလွန်မှ ရောက်လာတဲ့ အီးမေလ်းတွေကြောင့် ထိတ်လန့် တုန်လှုပ် ခဲ့ရတယ် ။ တကယ်တော့ Jack Froese ဟာ လွန်ခဲ့တဲ့နှစ်ကတည်းက