စီးပွားလုပ်ငန်းရှင်ကြီးများမဏ္ဍ ပ်မှာ လူတဦး ဓာတ်လိုက်သေဆုံး
မကွေးမြို့ သင်္ကြန်စည်ကား၊ စီးပွားလုပ်ငန်းရှင်ကြီးများမဏ္ဍ ပ်မှာ လူတဦး ဓာတ်လိုက်သေဆုံး
မကွေးသား၊ မိုးမခ၊ ဧပြီ ၁၄၊ ၂၀၁၂
ဧပြီလ ၁၃၊ သင်္ကြန်အကြိုနေ့က မကွေးမြို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ဆုပေးမဏ္ဍပ်တွင် အသက် ၄၇ နှစ်အရွယ်၊ ကိုဆန်းလင်းသည် လျပ်စစ်ဓာတ်စီးနေသည့် သံဆူးကြိုးကို ထိကိုင်မိပြီး ဓာတ်လိုက်သေဆုံးသွားသည်ဟု
သိရသည်။ ၎င်းနဲ့အတူ မြင်သာလမ်းတွင် နေထိုင်သော ကိုပြည့်ဖြိုးအောင် (အသက်
၁၉ နှစ်)လည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသည်။
ဖြစ်ပွားပုံမှာ
အဆိုပါမဏ္ဍပ်၏ မီးဆလိုက်များကို သွယ်တန်းထားသည့် မီးကြိုးများကို
စင်ရှေ့ကာရံထားသော သံဆူးကြိုးများတွင် ချိတ်တွဲ ချည်နှောင်ထားရာမှ
လျပ်စစ်လိုင်းစီးဝင်သွား၍ ဖြစ်သည်ဟု မျက်မြင်တို့က ပြောသည်။ သို့ဖြစ်၍
ထိုမဏ္ဍပ်ကို မီးသွယ်သူ ကိုအောင်ကျော်မိုး (ခ) ကိုမိုး၊ အသက် ၄၉
နှစ်အား တရားဥပဒေပုဒ်မ ၈၃၃၊ ၃၀၄ (က) နှင့် အမှုစွဲဆို အရေးယူထားသည်။
ထိုရေကစားမဏ္ဍပ်ကိုလည်း ရပ်နားထားလိုက်ပြီး ဖြစ်ကြောင်း သိရှိရသည်။
မကွေးမြို့
ကမ်းနားလမ်းမှာ အစိုးရ၏ ဗဟိုမဏ္ဍပ်တွင် အာဏာပိုင်နှင့်
အသိုင်းအ၀န်းများက သင်္ကြန်ပွဲကို ဆင်နွှဲကြပြီး ကမ်းနားလမ်းမှလွဲ၍
မြို့ဒေသအနှံ့ အများပြည်သူတို့ ရေကစားလျက်ရှိကြောင်း၊ မဏ္ဍပ်ကြီး ၁၂ ခုခန့်
ရှိကြောင်း၊ ယခုနှစ်တွင်လည်း ပြည်သူတို့ အပျော်ကျုးကြသဖြင့်
ယာဉ်တိုက်မှု၊ ဓါးထိုးမှု၊ ဆိုယ်ကယ်ပေါ်က ပြုတ်ကျမှုတွေ ရှိကြောင်း
မကွေးမြို့ခံက သူ့အမြင်ကို ပြောသည်။
(သင်္ကြန်အကြပ်နေ့က တွေ့ရသော မကွေးသင်္ကြန်မြင်ကွင်း)




0 comments:
Post a Comment