
ကျယ်ပြောလှသော သြစတြေးလျနိုင်ငံရှိ လယ်ကွင်းပြင်ကြီး တစ်ခုလုံးကို ပင့်ကူမျှင်များ ဖုံးလွှတ်းနေသော မြင်ကွင်း
ကြောင့် မြင်ရသူအများ အံ့သြခဲ့ရကြောင်း Metroသတင်းဌာနက မတ်လ၇ရက်နေ့တွင် ဖော်ပြသည်။ စိုက်ပျိုးရေးမြို့ဖြစ်
သော ဝက်ကာဝက်ကာတွင် လယ်ကွင်းများသည် သန်းပေါင်းများစွာသော ပင့်ကူများကြောင့် ပင့်ကူမျှင်ပင်လယ်ကြီး
အဖြစ် ပြောင်းလဲသွားခဲ့သည်။ သြစတြေးလျနိုင်ငံတွင် ရေလွှမ်းမိုးမှုဘေး ဒုက္ခကြီးကျရောက် ပြီးနောက် ထောင်ပေါင်း
များစွာသော နိုင်ငံသားများ ဒုက္ခကြုံတွေ့ခဲ့ရသည်။ ယင်းနောက် ပင့်ကူများလည်း အလုပ်ရှုပ်ကာ ရေဘေးမှ
လွတ်မြောက်ရေးအတွက် ပင့်ကူအိမ်များကို အပူတပြင်း ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည် ဟုဆိုသည်။




0 comments:
Post a Comment