တချို့ ကပြောကြတယ် ၊ အရင်တုံးက သူမပြောကြားခဲ့ဖူးတဲ့ စကားတွေ နဲ့ ခုလုပ်ရပ်ဟာ ရှေ့ နောက်မညီဘူး ၊ ၁၈၀ ဒီဂရီပြောင်းလဲသွားပြီတဲ့..။
ခု
ဒီဗီယို ဖိုင်ကလေးကိုကြည့်ပြီး နှိုင်းယှဉ်မိလိုက်တယ် ။ တရုပ်ပြည်က
တင်ဆက်တဲ့ ဆပ်ကပ်ပြပွဲလေးတခု ပါ ။ သိချင်ရင် ကလစ် လုပ်ကြည့်ပါ ..
ခနော်ခနဲ့
အထောက်အတိုင်လေးသာရှိတဲ့ လှုပ်ယိုင်ယိုင် ကြိုးကလေးတချောင်းအပေါ်မှာ
ဟန်ချက်ညီညီ ရပ်တည်နိုင်ဖို့ ရယ် ၊ တောင်ဆိတ်ကြီး (သူမ) ခန္ဓာကိုယ် အပေါ်မှာ
အငြိမ်မနေ ဗီဇ
ရှိတဲ့
မျောက်ကလေးကို သေချာအောင် ထိန်းပြီး အမြင့်ပေါ်ကနေ( ချောက်ကမ္ဘား ကြီးထဲ )
ပြုတ်မကျအောင် တည့်မတ် ထိန်းချုပ်ဖို့ရယ် ၊ အရှေ့ဖက်ကပန်းတိုင်ကို
အတိမ်းအစောင်း မရှိ ၊အန္တရာယ် ကင်းရှင်း၊ အောင်မြင်စွာ အရောက်လှမ်းနိုင်ဖို
့ရယ် အတွက် တောင်ဆိတ်ကြီး (သူမ)ဟာ ဘယ်လောက်များ ပင်ပန်းစွာ အားထုတ်
လေ့ကျင့် စွမ်းဆောင်ခဲ့ရမယ် ဆိုတာ ကို နားလည် စာနာမိတယ် ။ခုလို လူအများရှေ
့မှာ အောင်မြင်မှု တကွက် ပြသနိုင်ဖို့ အတွက် သူမမှာ အကြိမ်ကြိမ် အခါခါ
လဲပြိုခြင်း ၊ ဒါဏ်ရာရခြင်းတွေ ရင်ဆိုင်ပြီး ဇွဲ ရှိရှိ နဲ့
ဖြတ်သန်းခဲ့ရမယ် ဆိုတာ သေချာတယ် ။သေးငယ်လှတဲ့ လမ်းကျဉ်းလေး အပေါ်မှာ ၁၈၀
ဒီဂရီ ကို အတိမ်းအစောင်းမရှိ အောင်မြင်စွာ ပြန်လှည့် ဖို့ ဆိုတဲ့ ကိစ္စ
ဟာလည်း လွယ်တာမှ မဟုတ်ပဲ ။
ဒါတင်မကသေးဘူး ၊
ယိုင်လှုပ်နေတဲ့ ကြိုးတချောင်း အပေါ် မှ ထပ်ဆင့် အခက်အခဲ အမြင့် (
ပန်းအိုးတလုံး) အပေါ်မှာ တည်ငြိမ်စွာ အောင်မြင်စွာရပ်ပြနိုင်လိုက်တဲ့ သူမ
ကိုမြင်လိုက်ရတော့ ဝမ်းပန်းတသာ ချီးကျူးဂုဏ်ပြုမိလိုက်တယ် ။
ဒီပန်းအိုးလေးပေါ်မှာ ခက်ခက်ခဲခဲ ရပ်တည်ပြနိုင်လို့ သူမရဲ့ အရည်အသွေး
ပိုပြီး တောက်ပြောင်ခဲ့ရတယ် ။ အဲဒီ အရေးကြီးဆုံးအချိန်မှာ သူမ
ခေါင်းပေါ်မှာ အငြိမ်မနေ ဇောက်ထိုး လုပ်ပြ ၊နေတဲ့ မျောက်ကလေး ကလည်း
အရေးကြီးတာပဲ ။ အကယ်၍သာ ဒီမျောက်ကလေး ဟန်ချက်မညီ အတွဲမညီခဲ့ရင်လည်း သူတို
့၂ ကောင်စလုံး အောက်ပြုတ်ကျနိုင်တယ် ။( ခဏခဏ စွပ်စွဲပြောနေကြတဲ့
ဂျောက်ကမ္ဘားကြီး ဆိုတဲ့ အသုံး အနှုန်း နဲ့ ကွက်တိပဲ လို့ ထင်တယ် )။
ဒီဆပ်ကပ်ထဲမှာ
သူမရဲ့“ပန်းတိုင်”က တာစထွက်ခဲ့တဲ့ နေရာ ဖြစ်နေတာမို့ ၊ ပညာတွေ
သိပ်တတ်ပြီး အရာရာကို ဘေးထိုင်ဘုပြောနေကြ ပုဂ္ဂိုလ် တချို့တလေ အဖို့ 
စောဒကတက်နိုင်စရာ ရှိတယ် ။ရူပဗေဒ သဘောတရား အရ “အရွေ့ ” ဆိုတာ မရှိရင်
“အလုပ်” လို့  မခေါ်ဆိုနိုင်ဘူး။ ဟိုအရေး ဒီအရေးတွေ ဖြစ်စဉ် အခါက၊ သူမ
ဘာတွေ လုပ်ပြခဲ့လို့လည်း။ခုအချိန်မှာရော ဘာတွေ လုပ်ပေးနေလို့ လည် ၊... ဘာညာ
သာရကာ ပေါ့ .. ။ ဘာပဲ ပြောပြော၊ အဓိက ရည်မှန်းချက်က ၊ ပန်းတိုင်ကို
အန္တရာယ် ကင်းစွာ နဲ့ အောင်မြင်စွာ ရောက်ရှိနိုင် ဖို့ ပဲမဟုတ်ပါလား ။
တချို့ ကပြောကြတယ် ၊ အရင်တုံးက
သူမပြောကြားခဲ့ဖူးတဲ့ စကားတွေ နဲ့ ခုလုပ်ရပ်ဟာ ရှေ့ နောက်မညီဘူး ၊ ၁၈၀
ဒီဂရီပြောင်းလဲသွားပြီတဲ့..။ဘယ်သူတွေ ဘာပဲပြောပြော၊ သူမရဲ့ ၁၈၀ ဒီဂရီ
မကလို့  ၃၆၀ ဒီဂရီပဲ ပြောင်းလဲ ပြောင်းလဲ ..အဆိုပါ “သူမ” သည် အမိ
မြန်မာပြည်ကြီးနှင့်တကွ အဖိနှိပ်ခံ မြန်မာပြည်သူပြည်သားများ အား ကိုယ်စိတ်
နှစ်ပါး ဆင်းရဲစေရန် မည်သည့်အခါမျှ ပြုလုပ်လိမ့်မည် မဟုတ်ဟု
ကျွန်ုပ်ယုံကြည်ခဲ့ကြောင်း၊ ယုံကြည်ဆဲဖြစ်ကြောင်း နဲ့ နောင်လည်း ဆက်လက်
ယုံကြည်နေမည့်အကြောင်း ပြောချင်ပါတယ် ။
အနှစ်ချုပ်ဆိုရမယ် ဆိုရင် အလုပ်တခုကို
ဇွဲသတ္တိရှိရှိနဲ့ ဟန်ချက်ညီညီ အတွဲညီညီလုပ်ကြရင် ၊ နောက်ဆုံးမှာတော့
အောင်မြင်မှု ပန်းတိုင်ဆီသို့ရောက်ကြမယ်ဆိုတာ မလွဲမသွေပါပဲ။
ဒီနေရာ မှာ -
တောင်ဆိတ်(သူမ) = ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊
မျောက် = လူအမျိုးမျိုး စိတ်အထွေထွေ မြန်မာပြည်သူ ပြည်သား အပေါင်းတို့  ။
လမ်းခုလတ်မှ
ခလုတ် (ပန်းအိုး)= မြန်မာပြည်ကြီး ဒီမိုကရေစီ ပန်းတိုင်သို့
လျှောက်လှမ်းနေကြရစဉ် တွေ့ ကြုံခဲ့ရတဲ့ အခက်အခဲပေါင်းများစွာ ။။
အစရှိသဖြင့် အစားထိုး ခံစားကြည့်မိလိုက်တယ် ဆိုရင် .. စိတ်ဆိုး ကြမှာလား ။ သဘောတူကြမှာလား ။
အမြင်မတူလျှင်လည်း ဝေဖန်မှုများ ပေးနိုင်ပါသည် .. ကြိုဆိုလျှက်ပါ ။



0 comments:
Post a Comment