Home » , » ခြေထောက် သုံးချောင်းနဲ့ ပြည့်တန်ဆာမ

ခြေထောက် သုံးချောင်းနဲ့ ပြည့်တန်ဆာမ

Written By Unknown on Saturday, 7 April 2012 | 11:01

ခြေထောက် သုံးချောင်းနဲ့ ပြည့်တန်ဆာမ


ဘလန့်ခ်ျ ဒူးမတ်စ် ဆိုတဲ့အမျိုးသမီးရဲ့ ထူးဆန်းတဲ့အကြောင်းကတော့ စိတ်ကူးယဉ် ပုံပြင်ဝတ္ထုတွေထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ် ။ဘလန့်ခ်ျ ဒူးမတ်စ် ကို ပြင်သစ်လူမျိုး ဖခင်နဲ့ လူမည်းသွေးအနည်းငယ်ပါတဲ့ မိခင်တို.က မာတင်းနစ်ကျွန်းစုမှာ ၁၈၆၀ ခုနှစ်တွင် မွေးဖွားတယ်လို. ယုံကြည်ရပါတယ် ။သူမအသက် ၂၅ နှစ်တွင် ဆေးပညာမှ မူမမှန်မှုများနဲ့
ထူးခြားမှုများ ဆိုတဲ့ စာတမ်းမှာဖေါ်ပြခံရပါတယ် ။ အဲဒီစာတမ်းမှာ သူမကို
"modified duplication of the lower body " လို. ရည်ညွန်းခဲ့ပါတယ် ။


သူမမှာ ကြီးမားကျယ်ပြန့်တဲ့ တင်ပါးဆုံအရိုးကွင်း ရှိပြီး ကောင်းစွာဖွံ့ဖြိုးမှုမရှိတဲ့ခြေထောက်နှစ်ချောင်းနဲ့  တတိယခြေထောက်တစ်ချောင်းက သူမရဲ့ ပေါင်ခွကြားမှာ ကပ်နေတယ် ။ နောက်ပြီး သူမမှာ ကောင်းစွာဖွံ့ဖြိုးတဲ့ ပုံမှန်ရင်သားနှစ်ဖက်ပါရှိပြီး ၊ ဆီးခုံအပေါ်ဘက်မှာ နို့သီးခေါင်းပါဝင်ပြီး ဖွံ့ဖြိုးမှုမရှိ တဲ့ သေးငယ်တဲ့ ရင်သားတစ်စုံလည်း အပိုပါရှိပါတယ် ။ ဒါ့အပြင် ဘလန့််ခ်ျဆီမှာ ကောင်းစွာဖွံ့ဖြိုးပြီး ပုံမှန်အတိုင်းဖြစ်တဲ့ မမျိုးပွားအင်္ဂါအပြည့်အစုံ နှစ်ခု ရှိပါတယ် ။ (ဟုတ်မဟုတ်မသေချာပေမဲ့) အဲဒီနှစ်ခုလုံးက ပုံမှန်အတိုင်း ကောင်းစွာအာရုံခံစားနိုင်မှုရှိတယ်လို့ ဆိုပါတယ် ။
သူမရဲ့ တဏှာရာဂ စိတ်ဆန္ဒပြင်းပြမှုကတော့ အလွန်သိသာလှပါတယ် ။ သူမဟာ အမျိုးသားများနဲ့ ဆက်ဆံလိုစိတ်ပြင်းပြပြီး၊ သူမရဲ့ လိင်အင်္ဂါနှစ်ခုလုံးကို ဆက်ဆံစေချင်စိတ်ဖြစ်တာပါ တဲ့ …
သူမဟာ ပဲရစ်မြို့တော်ကို ပြောင်းရွေ့သွားပြီးနောက် ပြည့်တန်ဆာတစ်ယောက်ဖြစ်လာခဲ့တယ် ။

copy from : www.mailsfromfriends.co.cc
Share this article :

0 comments:

Post a Comment